Thursday, August 16, 2012

လူငယ်စိတ်ဓါတ် မြင့်တင်ရေး စာပေဟောပြောပွဲ (၁၆.၈.၂၀၁၂)


ယနေ့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများမှ ကျင်းပပြုလုပ်သော လူငယ်စိတ်ဓါတ်မြင့်တင်ရေး စာပေဟောပြောပွဲကို နံနက် ၁၁နာရီခွဲအချိန်က ရတနာပုံတက္ကသိုလ်အနီးရှိ ကျောက်တော်ကြီးဘုရားဝင်း အတွင်းရှိသော ဘဝအလင်းပရဟိတကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဆရာ ဇော်ခိုင်ဦးမှ " တောင်တမန် တော်ကီ " ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာ ဦးဘုန်း(ဓါတု)မှ "တောင်

တမန် FM" ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို ညနေ ၃နာရီခွဲတွင် ပြီးဆုံးခဲ့ပါသည်။ ရန်ကုန် တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မန္တလေးခရိုင်အတွင်းရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂမဖွဲ့ဝင်များနှင့် ရတနာပုံတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူ ၁၅၀ခန့်တက်ရောက်ကြောင်း သိရှိရပါသည်။

သတင်းနှင့် ပြန်ကြားရေး ကော်မတီ
ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

0 comments:

Post a Comment