ဗ.က.သ၏ အစဉ်အလာကြီးမားခဲ့သော သမိုင်းကြောင်းများ

ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗ.က.သ)၏ အစဉ်အလာကြီးမားခဲ့ပုံများကို ရေးသားတင်ပြထားသည့် နေရာ ဖြစ်ပါသည်...

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ လှုပ်ရှားမှုများ

ကျွန်ုပ်တို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရတနာပုံတ.က.သ)၏ လှုပ်ရှားမှုများ၊ ဆောင်ရွက်ချက်များကို ရေးသားတင်ပြထားသည့် နေရာ ဖြစ်ပါသည်...

Wednesday, September 5, 2012

စာပေဟောပြောပွဲအခွေ ထွက်ရှိခြင်း

 



16.8.2012 ရက်နေ့က ရတနာပုံတက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများ စုပေါင်းကျင်းပပြုလုပ်သော လူငယ်စိတ်ဓါတ်မြှင့်တင်ရေး စာပေဟောပြောပွဲကို ရတနာပုံတက္ကသိုလ်အနီးရှိ ကျောက်တော်ကြီးဘုရားဝင်းအတွင်းရှိ ဘဝအလင်း ပရဟိတကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဆရာ ဦးဇော်ခိုင်ဦးက "တောင်တမန် တော်ကီ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာ ဦးဘုန်း(ဓါတု)က "တောင်တမန် FM" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောပေးခဲ့ကြပါသည်။ ထိုနေ့က နားဆင်လိုက်ရသူများရော၊နားမဆင်လိုက်ရသူများပါ ပြန်လည် နားဆင်နိုင်ရန်အတွက် အခမ်းအနားအား မှတ်တမ်းတင် ရိုက်ကူးထားသော စာပေဟောပြောပွဲအခွေ ထွက်ရှိလာပြီဖြစ်ပါသည်။ အဆိုပါအခွေအား တစ်ခွေကို ၅၀၀ိ/-ကျပ်နှုန်းဖြင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များထံတွင် လည်းကောင်း၊ သတင်းနှင့်ပြန်ကြားရေး ကော်မတီထံသို့လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း အသိပေးအပ်ပါတယ်ဗျာ...

Thursday, August 16, 2012

လူငယ်စိတ်ဓါတ် မြင့်တင်ရေး စာပေဟောပြောပွဲ (၁၆.၈.၂၀၁၂)


ယနေ့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများမှ ကျင်းပပြုလုပ်သော လူငယ်စိတ်ဓါတ်မြင့်တင်ရေး စာပေဟောပြောပွဲကို နံနက် ၁၁နာရီခွဲအချိန်က ရတနာပုံတက္ကသိုလ်အနီးရှိ ကျောက်တော်ကြီးဘုရားဝင်း အတွင်းရှိသော ဘဝအလင်းပရဟိတကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

Wednesday, August 8, 2012

ဗကသ(ဗဟို)မှ ၈၈၈၈ နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲ ကျင်းပ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗဟို လုပ်ငန်းကော်မတီ ) မှ (၂၄)နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဝတ်ပြုဆုတောင်းပွဲကို ၈-၈-၁၂ နေ့ ည(၇း၀၀)တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ရှိ ဦးပွား ဘုရား တွင် ပြုလုပ်ခဲ့သည်။

Saturday, July 7, 2012

၇.၇.၁၂တွင် ကျရောက်သော ၇ဇူလိုင်နှစ်ငါးဆယ်ပြည့်အတွက် ရတနာပုံ တ.က.သ (ပြန်ကြားရေးမှူး)၏ ကျောင်းသားများသို့ သ၀ဏ်လွှာ


နေ့စွဲ - ၇.၇.၂၀၁၂ နေ့လည် ၂နာရီ ၃၃မိနစ်

ယနေ့ကျရောက်သော ၇ဇူလိုင် နှစ်ငါးဆယ်ပြည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗ.က.သ) အဆောက်အအုံ ဖြိုခွဲခံရသော နှစ်ငါးဆယ်ပြည့် (ရွှေရတု) နေ့တွင် ကျဆုံးခဲ့ကြပြီဖြစ်သော နိုင်ငံ့ခေါင်းဆောင် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ဖူးသော ကိုအောင်ဆန်းနှင့်တကွ ကျောင်းသားအပေါင်းကို ကျွန်ုပ် ၀မ်းနည်စွာဖြင့် လေးစားဂုဏ်ယူမိပါတယ်. အဆိုပါ ၇ဇူလိုင် နှစ်ငါးဆယ်ပြည့်ပွဲအတွက် ကျွန်ုပ်နှင့်အတူတူ လက်တွဲကာ ပွဲဖြစ်မြောက်စေရန် ကျင်းပသော ကျောင်းသား၊ကျောင်းသူများ ထိန်းသိမ်းခံရသည့်အတွက် ၀မ်းနည်းမိပါတယ်..ကျွန်ုပ်၏ ရဲဘော်များနှင့်လည်း အတူတူရှိမနေခဲ့သည့်အတွက် အလေးအနက်ထား တောင်းပန်အပ်ပါတယ်. အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့အတွက်လည်း ဆုတောင်းအပ်ပါတယ်. အခုလို ကျွန်ုပ်တို့၏ စိတ်တွင် အစဉ်အလာကြီးမားသော ဗ.က.သ ၏ သမိုင်းစာမျက်နှာအား ကျွန်ုပ်တို့ ကျောင်းသားထု စုပေါင်းကာ ပြန်လည်ဖွင့်ကြပါစို့လို့ ကျွန်ုပ် တောင်းဆိုအပ်ပါတယ်...

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့သည့်အတိုင်းဘဲ ကျွန်ုပ်တို့၏ စိတ်တွင် ရှိသော သမဂ္ဂစိတ်ဓါတ်ကို ရဲရဲဝံ့ဝံ့ ထားကြဖို့လိုပါတယ်.

အဆောက်အအုံကိုသာ ဖြိုလို့ရမယ်.
အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ကိုတော့
ဘယ်တော့မှ ဖြိုလို့မရဘူး.....
ဆိုသည့်အတိုင်း ကျောင်းသားထုအားလုံး သမဂ္ဂစိတ် အပြည့်ရှိကြပါလို့ ကျွန်ုပ်ပြောကြားချင်ပါတယ်..


ဝေယံလင်း
ပြန်ကြားရေးမှူး
(ရတနာပုံတက္ကသိုလ်ကျာင်းသားများ သမဂ္ဂ)

Friday, June 29, 2012

ဇူလိုင်(၇)ရက် အရေးတော်ပုံ ဖြစ်စဉ် အကျဉ်း ။

၁၉၆၂-ခု၊ဇူလိုင်(၇)ရက်နေ့အရေးတော်ပုံ ဆိုတဲ့ ကျောင်းသား သမိုင်း တွေထဲက အကြီးအကျယ်ဆုံး သမိုင်း တစ်ခုဟာ
၂၀၁၂ ခု၊ ဇူလိုင် (၇)ရက် နေ့မှာ ဆိုရင် နှစ်ငါးဆယ် တိုင်ခဲ့ပါပြီ။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) အနေ နဲ့ နှစ်-ငါးဆယ်ပြည့် အောင့်မေ့ဖွယ် ဂုဏ်ပြု အခမ်း အနား ကို ကြီးကျယ်စွာကျင်းပနိုင်ရန် ဆပ်ကော်မတီ အသီးသီးဖြင့် ဆောင်ရွက်နေပါသည်။