Wednesday, August 8, 2012

ဗကသ(ဗဟို)မှ ၈၈၈၈ နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲ ကျင်းပ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗဟို လုပ်ငန်းကော်မတီ ) မှ (၂၄)နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဝတ်ပြုဆုတောင်းပွဲကို ၈-၈-၁၂ နေ့ ည(၇း၀၀)တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ရှိ ဦးပွား ဘုရား တွင် ပြုလုပ်ခဲ့သည်။


၈၈၈၈ နှစ်ပတ်လည်အခမ်းအနားကျင်းပရာ ဘုရားကြီး ဒက္ခိဏရာမတိုက် အလယ်တိုက်ကြီးမှ တောင်ဘက်ရှိ ဦးပွားဘုရားဝင်း

အတွင်းရှိ ကျက်သရေဆောင်တွင် ဆီမီး(၈၈)တိုင်နှင့်အတူ အောင်သပြေ ပန်းများကပ်လှူလျက် ဆုတောင်းဝတ်ပြု သည်။ ၎င်းနောက် ၈၈၈၈ တွင် ကျဆုံးစွန့်လွတ်ခဲ့ကြသော နောင်တော်အဆက်ဆက်တို့အား အမျှတန်းပေးဝေလှူကြသည်။ ထို့နောက် ဘုရားကြီးအား လက်ယာရစ် ပတ်လျက် ဂြိုလ်ပြေနံပြေ ဘုရားတွင် ကျဆုံးခဲ့သော (၈)ရက် သားသမီးများကို ရည်ဇူး၍ ဆီမီး(၈)တိုင်ဆီ နှင့် အောင်သပြေများ ကပ်လှူလျက် ကုသိုလ်ပြု ဆုတောင်းပေးသည်။

ဆုတောင်းပြီးနောက် ရန်ကုန် မန္တလေးနှင့် နယ်များမှ ၈၈၈၈ အခမ်းအနားတက်ရောက်ခဲ့သော ကျောင်းသား/
ကျောင်းသူများ မှ ကဗျာရွတ်ခြင်းများပြုလုပ်ခဲ့ပြီး ကမ္ဘာမကြေဘူး သီချင်းအား သီဆို၍ ရုပ်သိမ်းခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
(ဗဟိုနှင့်အထက်ဗမာပြည်)
လုပ်ငန်းကော်မတီ ။

0 comments:

Post a Comment